ခရမ်း ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၏ ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ)၊ အရည်အသွေးစစ်ဆေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သတင်းရရှိသည်။
အဆိုပါလမ်း/တံတားများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်ကားရေးတို့ကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)