ကွန်ဟိန်းမြို့၌ မဲရုံအဖြစ်ဆောင်ရွက်မည့်နေရာများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကွန်ဟိန်း ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ‌ပြုလုပ်မည့် မဲရုံ‌နေရာများအား ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးကျော်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှအဖွဲ့ဝင်များ ပူးပေါင်းကာ ကွန်ဟိန်းမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ မဲရုံ(၇)နေရာအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးနှင့်ပတ်သက်သော ပစ္စည်းကိရိယာများထားရှိမှု အခြေအနေ၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု အခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သော မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များအား စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)