ရွှေသောင်ယံ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က-ရွှေသောင်ယံတွင် ယနေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုတ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရသည်။
အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အ.ထ.က-ရွှေသောင်ယံကျောင်းအုပ်ဆရာကြီး ဦးရဲလင်းကျော် ဦးဆောင်သော၊ ဆရာ၊ ဆရာမများမှ စီစဉ်ဆောင်ရွက်ပေးရာတွင် ပိုက်ကျော်ခြင်းအားကစားနည်း၊ ထုတ်စည်းထိုးအားကစားနည်း၊ ကြိုးခုန်အားကစား၊ မုန့်စားပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်အားကစား၊ ဆန်ကောရွက်ပြိုင်ပွဲ၊ မူလတန်းကလေများ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အာလူးကောက်အားကစားနည်း စသည်ဖြင့် အားကစားနည်းမျိုးစုံအား ထည့်သွင်းဆောင်ရွက်ပေးရာ ကျာင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာကစားခဲ့ကြသည်။
ကိုကိုမောင်(ပြန်/ဆက်)