ကျိုင်းတုံ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့က အဆိုပါကျောင်း ခေမာရဋ္ဌ်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယပါမောက္ခချုပ်၊ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် ဆရာကြီးများက မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် ကျိုင်းတုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)