ထားဝယ်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်း

ထားဝယ် ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဘုမ္မော်ရပ်ကွက်၊ ကွင်းအမှတ်-၁၄/၆၌ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ အသင်းသားတောင်သူ ဦးဟန်စိန်၏ မိုးစပါးဧက ၅၀ ၌ ယနေ့မွန်းလွဲတွင် မိုးစပါးရိတ်သိမ်းလျက်ရှိသည်။

ထို့သို့မိုးစပါးဧက ၅၀ ၌ ထိုင်းနှံကောက်စပါးနှင့် GW-11 စပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် တာဝန်ရှိသူများ၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများတို့က ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက မိုးစပါးများအား ဈေးကွက်ရရှိရေး သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)