ကာလိမြို့ အ‌ခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲ ကျင်းပ

ကာလိ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ‌ခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း)၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ‌ကျောင်းသား၊ ကျောင်းသူများက “လမ်းပြကြယ်သီချင်း” ဖြင့် အခမ်းအနား အား စတင်ဖွင့်လှစ်ခဲ့ပြီး ကွန်ဟိန်းမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးကလည်း ကောင်း၊ ကာလိမြို့ မြို့မိမြို့ဖ ဆရာကျော်ကလည်းကောင်း အသီးသီးအမှာစကား ပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်မီမီကိုလင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါတယ်စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)