ကလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကလော ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေး‌နွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခဆရာ/မကြီးများ၊ ကလောမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့်‌ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှ ရုက္ခဗေဒဌာနမှ ဌာနမှူး ဒေါက်တာ နီလာက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တောင်ကြီးတက္ကသိုလ်မှပါမောက္ခ ဌာနမှူး ဆရာမကြီးနှင့် အဖွဲ့ဝင်များ  ဘာသာရပ်ဌာနအလိုက် ပါမောက္ခဌာနမှူးများက ကလောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ Grade -12 သင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဘာသာရပ်များအလိုက် ကလောမြို့နယ်ခန်းမ၊ အောင်ပန်းခန်းမနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတို့တွင် ဌာန(၃)နေရာခွဲ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးဟောပြောသင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)