ကျိုင်းတောင်းမြို့ အခြေခံပညာ မူလတန်ကျောင်း(နမ့်ဟူး)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲဆောင်ရွက်

ကျိုင်းတောင်း ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(နမ့်ဟူး)သို့ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ​ကျိုင်းတောင်းမြို့(ပြန်/ဆက်)ရုံးရှိ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ အ.မ.က (နမ့်ဟူး)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဟောပြောပေးခဲ့ပြီး​ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော အာဇာနည်များ၏ အားထုတ်ကြိုးပမ်းမှုများကိုလဲ ​ပြောပြဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် လွတ်လပ်ရေး၏ အနှစ်သာရများကိုပြောပြခဲ့ပြီး လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းသင့်ကြောင်း ထပ်ဆင့်ဟောပြောကာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ပြသခဲ့ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)