တန့်ယန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပ

တန့်ယန်း ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပခြင်းအကြောင်း အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ထူးချွန်ဆုများကို တာဝန်ရှိသူတို့က ပေးအပ်ကြပြီး အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)