အိမ်မဲ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူများထံထုတ်ပေးခြင်းများကို ယနေ့မွန်းလွဲပိုင်းက စတင်ကာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မဲရုံးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဆွေသက်နှင့်ဝန်ထမ်းများက နယ်မြေ (၂)နှင့် နယ်မြေ (၅)တို့မှ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိသော နယ်မြေ (၁) (၃) (၄)တို့အား ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် ရပ်ကွက် / ကျေးရွာ အုပ်စု (၁၀၂)အုပ်စု၊ မဲဆန္ဒရှင်စုစုပေါင်း (၁၃၁၆၅၀)ဦး၊ မဲရုံစုစုပေါင်း (၁၁၂)ရုံရှိကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)