ပင်လုံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ပင်လုံ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအကျဉ်း၊ မြန်မာတစ်မျိုးသားလုံး မမေ့သင်သည့် အာဇာနည်ခေါင်းဆောင်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအားလပ်ချိန် ပြင်ပဗဟုသုတရှာဖွေနိုင်ရန် ကျောင်းစာအပြင် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားနိုင်စေရန် အသိပညာပေးဟောခဲ့သည်။ ထိုနောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(​ပြန်/ဆက်)