ကန်ကြီးထောင့်မြို့နယ်၌ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲပေးစက်များ ရောက်ရှိနေရာချထားမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပရန်အတွက် MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမသို့ ရောက်ရှိကြောင်း သိရသည်။

ထိုသို့  MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့တို့က စနစ်တကျသယ်ပိုး၍ နေရာချထားကြပြီး အဆိုပါ ရောက်ရှိနေရာချထားမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးဌေးမင်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)