မြစ်သား ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးမှုကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်သားမြို့ ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအား ကုသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက မြစ်သားမြို့ ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့် နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့်အရေပြားရောဂါများကို ကုသပေးခြင်း၊ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများ ကို အဘိုး၊ အဘွား ၂၇ ဦးအား ကုသပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းနှင့်ဝန်ထမ်းများက ကွင်းဆင်းကုသပေးခြင်းများကို သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)