မောက်မယ်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မောက်မယ် ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို  ယနေ့ နံနက် ၈နာရီခွဲက သွားရောက်ဖြန့်ဝေခဲ့ကြသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လွတ်လပ်ရေးရရှိလာပုံသမိုင်းကြောင်းကို ဟောပြော၍ ဝန်ထမ်းများ “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေး၏ အဓိပ္ပါယ် (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်) ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက် (၁၅−၁၀−၂၀၂၅)၊ လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)