ကျောက်တလုံးကြီးမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄  ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက လွတ်လပ်ရေးနေ့ဖြစ်‌ပေါ်လာပုံနှင့် လွတ်လပ်ရေးနေ့နှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများစသည်တို့ကို အသိပညာပေးဟောပြော၍ အ.ထ.က‌ကျောက်တလုံးကြီး ကျောင်းသား/သူများက လွတ်လပ်ရေးနေ့အကြောင်းဉာဏ်စမ်းပဟေဠိ၊ အင်္ဂလိပ်စာစွမ်းရည်၊ အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲများသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး အသိပညာပေးနံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကိုဆက်လက်ကျင်းပပြုလုပ်သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တလုံးကြီးမြို့ ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအတွက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြကြောင်းနှင့် ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း