ကလော ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့တွင် ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ခန်းမကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလမင်းသန်းက တစ်ခါသုံးပလတ်စတစ် အပါအဝင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေး၊ စနစ်တကျခွဲခြားစွန့်ပစ်ရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများက သိရှိလိုသည်များပြန်လည်ဆွေးနွေးကြသည်။ ထို့နောက် ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ဗီဒီယိုပြသ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)