ကျိုင်းတုံမြို့၌ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်း (PPHP)သင်တန်းဖွင့်လှစ်

ကျိုင်းတုံ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးမှ ကြီးမှူးဖွင့်လှစ်သည့် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်း (PPHP) သင်တန်းကို ယမန်နေ့ အဆိုပါရုံးတွင် ကျင်းပသည်။

သင်တန်းတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် ကျိုင်းတုံမြို့နယ်မှ  စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများအား စက်သုံးဆီအရောင်းဆိုင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အသိပညာပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ခရိုင်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍  တစ်ရက်တာ အသိပညာပေး သင်တန်းပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)