မိုးနဲ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိရာ ပဲပုပ်စိုက်ခင်းများကိုလည်း စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် အနေဖြင့် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပြောင်း၊ စပါး၊ ကြက်သွန်ဖြူ၊ နေကြာ၊ ပန်းနန်း၊ ပဲပုပ်၊ တို့ကို စိုက်ပျိုးကြပြီး ယခုကာလတွင် ပဲပုပ်စိုက်ခင်းများကို စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ ပဲပုပ်စိုက်ပျိုးချိန်တွင် ထွန်ယက်ခ၊ မြေဩဇာအသုံးပြုခနှင့် ပေါင်းလိုက်ခ၊ ရိတ်သိမ်းခ၊ ချွှေလှေ့ခတို့ကို ကုန်ကျထားရပြီး ပဲပုပ်ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း၊ တောင်သူ ဦးအောင်ထံမှ သိရသည်။
ဇင်ကိုကို