မိုးနဲ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ မိုဘိုင်းစနစ်ဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောင်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်၊ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ သွေးစည်း ချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက်၊ လွတ်လပ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့်ကာကွယ်ပါ၊ လွတ်လပ်ရေး၏အဓိပ္ပာယ်၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်အစရှိသည့် အကြောင်းအရာများပါရှိသော သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို