မိတ္ထီလာ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအလယ် တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမကျင်းပမီ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသူ၊ ကျောင်းသားများက ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆုရရှိသူများအား ဇန်နဝါရီလ ၄ ရက်နေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ