အမရပူရ ဒီဇင်ဘာ ၃၁
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အမရပူရခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာယီအစည်းအဝေးခန်းမ၌ကျင်းပရာ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရာတွင် ယခင်နှစ် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရာတွင် သက်ဆိုင်ရာကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ မြို့နေပြည်သူများ စည်းလုံးပျော်ရွှင်စွာဖြင့် ကစားနိုင်သည့် အားကစားနည်းများကို ထည့်သွင်းကျင်းပရန် ပြောကြားခဲ့သည်။
ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများနှင့် ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးအကြံပြုတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)