ပြင်ဦးလွင်မြို့၌ အပတ်စဉ်(၁၁)ဘက်စုံသားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အပတ်စဉ်(၁၁) ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်နေ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးကအဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှူး  ဒေါက်တာသင်းသင်းအိက ဩဝါဒစကားပြောကြားခဲ့သည်။ ဆက်လက်၍ တာ၀န်ရှိသူများက ထူးချွန်ဆုရသင်တန်းသူများနှင့် ဗမာစာပေထူးချွန်ဆုရ သင်တန်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် သင်တန်းဆင်းဆရာမများ အားလုံးကိုယ်စား သင်တန်းဆင်းဆရာမတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်ယူမည့် သင်တန်းသူများက ကတိပြုပြီးနောက် ဘက်စုံသားဖွားဒီပလိုမာ အောင်လက် မှတ်အပ်နှင်းခြင်းခံရသောသူများက “သူနာပြု သစ္စာအဓိဌာန်”ရွတ်ဆိုခဲ့သည်။ ထို့နောက် ဘက်စုံသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းခံရသောသူများအား ကျောင်းအုပ်မှ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)