ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ဒီဇင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူလေးများအား လက်ကမ်းစာစောင် ၅၀၀ ကိုဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းနှင့် လွတ်လပ်ရေးကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းကာကွယ်ထိန်သိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
နေအောင်(ပြန်/ဆက်)