(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွံများကျင်းပ

ပုလော  ဒီဇင်ဘာ ၃၁

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်ကက လွတ်လပ်ရေးဟူသည် တိုင်းတစ်ပါးအုပ်ချုပ်မှုလွတ်ကင်း၍ ကိုယ့်မင်းကိုယ့်ချင်းဖြင့် လွတ်လပ်စွာနေထိုင်မှုကို ခေါ်ကြောင်း၊ နှစ်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရ သည့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အသက်သွေးချွေးပေါင်းများစွာ စတေးခံ၍  ပြန်လည်ရယူခဲ့ကြောင်း ဟောပြောခဲ့သည်။

ထိုနောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  နံရံကပ် စာစောင်များနှင့် သုတ/ရသ စာအုပ်ပြပွဲများ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)