ကျောက်ဆည် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေး မြေပဲ၊ နှမ်း၊ နေကြာ သီနှံများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမျိုးစုံ ၂၄၄၉ ဧက စိုက်ပျိုးပြီးကြောင်းနှင့် ဆီထွက်သီးနှံများ လျာထားချက်ပြည့်မီရေး စိုက်ပျိုးမှုညှိနှိုင်းရေးအဖွဲ့မှတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံများစိုက်ပျိုးရာ၌ တိုက်နယ်(၁)တွင် မြေပဲ ၃၀ ဧက၊ နေကြာ ၇၄၃ ဧက၊ တိုက်နယ်(၄)တွင် နေကြာ ၂၇၃ ဧက၊ တိုက်နယ် (၇) တွင် နေကြာ ၅၄ ဧက၊ တိုက်နယ်(၈)တွင် နှမ်း ၅၅၀ ဧက၊ နေကြာ ၅၅၅ ဧက၊ တိုက်နယ်(၁၂)တွင် မြေပဲ ၅၂ ဧက၊ နှမ်း ၉၄ ဧက၊ နေကြာ ၉၈ ဧက စုစုပေါင်း ၂၄၄၉ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထား စိုက်ပျိုးကြပြီး နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး နည်းပညာများစနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)