ချမ်းမြသာစည် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် လွတ်လပ်ရေးတည်ဆောက်စသည့် အကြောင်းအရာများနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများ ပါဝင်ခဲ့ကြပြီး ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို စုစုပေါင်းစောင်ရေ (၅၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)