ချမ်းမြသာစည်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းမြသာစည်  ဒီဇင်ဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။

အ​ဆိုပါ လက်ကမ်းစာစောင်တွင်  (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် လွတ်လပ်ရေးတည်ဆောက်စသည့် အကြောင်းအရာများနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများ ပါဝင်ခဲ့ကြပြီး ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို စုစုပေါင်းစောင်ရေ (၅၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)