စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အ-ထ-က (စဉ့်ကိုင်) ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ကျောင်းအုပ်ကြီးများက အနီးကပ်ကြီးကြပ်၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)