ကွန်ဟိန်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက်

ကွန်ဟိန်း ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ (ဝမ်ပန်) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-(၃) ဒေါ်သဲမာမှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း  လွတ်လပ်ရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ရရှိပြီးလွတ်လပ်ရေး ရေရှည်တည်တံခိုင်မြဲအောင်ထိန်းသိမ်းတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် ကျောင်းစာများအပြင်၊ ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)