မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်‌မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြော ပြိုင်ပွဲများကျင်းပ

မြစ်သား  ဒီဇင်ဘာ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲများကို   ဒီဇင်ဘာ ၃၁ရက် နံနက် ၉ နာရီအချိန်က မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

၂၀၂ခုနှစ်၊ (၇၈)နှစ်မြောက် နှစ်လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေး​အောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကဗျာပြိုင်ပွဲတွင် “သွေးချွေးစတေးလွတ်လပ်ရေး” ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ အထက် တန်း၊ အလယ်တန်း ကျပန်းစကားပြောပြိုင်ပွဲတွင်  လွတ်လပ်ရေးကြီးတည်တံ့ဖို့ တို့တစ်တွေတာဝန်ယူထမ်းဆောင်စို့”  ‌‌ ခေါင်းစဥ်များဖြင့်‌  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၁ ဦးတို့ ဝင်ရောက်ဖြေဆိုလျှက် ရှိကြောင်းသိရသည်။ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးက ဦးဆောင်ပြီး အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်၍ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်စောင့်ကြပ်ပေးခဲ့‌‌ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက‌ ဖြေဆိုပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြသည်

 ဝါဝါမြင့်(မြစ်သား)