ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများ၌ စားအုန်းဆီတစ်ပိဿာ ငွေ ၇၄၁၀ ကျပ်ဖြင့် စားအုန်းဆီ ၄၃၅၀ ပိဿာ ရောင်းချပေး

ကျောက်ဆည် ဒီဇင်ဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်းနေထိုင်ကြသော ပြည်သူများ စားအုန်းဆီများဝယ်ယူသုံးစွဲရာ၌ အဆင်ပြေစေရေး စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်က ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများ၌ စားအုန်းဆီတစ်ပိဿာ ငွေ ၇၄၁၀ ကျပ်ဖြင့် ဆားအုန်းဆီ ၄၃၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း  သိရသည်။

ထိုသို့ရောင်းချရာတွင် ကျောက်ဆည်မြို့နယ်၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီလက်လီ၊လက်ကားအရောင်းဆိုင်များဖြစ်သည့် ဒေါ်စန်းစန်းဌေး(နေလသုခ)၊ ဒေါ်သက်သက်မွန် (အနန္ဒဂုဏ်)၊ ဦးတင်လင်းအောင်(အမေထွား)၊ ဒေါ်သီတာ(စစ်ငြိမ်း)၊ ဒေါ်သဇင်အောင်(နေလသုခ)၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှကျောက်ဆည်မြို့နယ်တောင်တော်၊ ကျောက်ဖျာ၊ ဇီးပင်ဝန်း၊ ရွာတော်၊ ကြောင်၊ ဒါန်းတိုင်၊ လက်ပန်၊ ကျီးအိပ်၊ ဆည်ရွာ၊ လေးဆယ်ကုန်း ကျေးရွာများနှင့် ဖောင်ရွာရပ်ကွက်၊ စဉ့်ကိုင်မြို့နယ်၌ ဦးကျော်ထွန်း(ဒေါ်လာ) ဆီအရောင်းဆိုင်မှ ဧည့်ပြ၊ ကျွန်းဦးကျေးရွာ၊ မြစ်သားမြိုနယ်၌ ဒေါ်ဇာဇာအေး(ဒေါ်ဇာ) ဆီအရောင်းဆိုင်မှ မြို့မအရှေ့ရပ်ကွက်၊ ကူမဲမြို့နယ်ခွဲ၌ ဦးရှိုင်းဝဏ္ဏ(ရှယ်လီဌေး) ဆီအရောင်းဆိုင်မှ အမှတ်(၄)ရပ်ကွက်၊ ပလိပ်မြို့နယ်ခွဲ၌ ဦးကျော်ဆွေဝင်း(ငွေပင်လယ်) ဆီအရောင်းဆိုင်မှ သရက်ချောင်ကျေးရွာနှင့် ဈေးသစ်ရပ်ကွက်များတွင် အသီးသီး ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

သက်မောင်(ကျောက်ဆည်)