မြင်းခြံမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထက်/လယ်/မူဆင့် စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့‌နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ပြုလုပ်ကျင်းပရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းဆင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့တို့မှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)