ချမ်းအေးသာစံ ဒီဇင်ဘာ ၃၁
New Starlight Group of Companies ၏ ငလျင်အလွန် ပြန်လည်ထူထောင်ရေးကာလတွင်အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ကုမ္ပဏီမှ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်က ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်တင်မင်းလတ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတွင်းရေးမှူး၊ ၎င်းတို့၏ ဇနီးများ၊ မန္တလေးမြို့အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့် တာဝန်ရှိသူများ၊ New Starlight Group of Companies မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရစကားများကို ပြောကြားခဲ့ကြောင်းနှင့် ဂုဏ်ပြုခြင်းအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)