မဟာအောင်မြေ ဒီဇင်ဘာ ၃၁
မဟာအောင်မြေမြို့နယ်၊ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ရပ်ကွက်စာရေးများဖြင့် တွေ့ဆုံ၍ ၁၁-၁-၂၀၂၅ ရက်နေ့၊ မဟာအောင်မြေမြို့နယ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ဦးမောင်မောင်က ဌာနဆိုင်ရာများနှင့် မဲရုံအလိုက် တာဝန်ပေးအပ်ထားသော မိမိဌာနမှ ဝန်ထမ်းများအား မဲရုံအလိုက် တာဝန်ပေးအပ်ထားသည့် ဝန်ထမ်းများ သေချာစွာ မှာကြားဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မဲရုံများအားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ သန့်ရှင်းရေး ဆောင်ရွက်ထားရှိရန်၊ ပြည်သူများလွတ်လပ်စွာမဲပေးနိုင်စေရန်၊ တာဝန်ကျမဲရုံများကို စနစ်တကျဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်မှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်သက်ဆိုင်ရာရပ်ကွက်စာရေးများက သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း