ဖျာပုံ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ယနေ့နံနက် (၁) နာရီ (၃၀) အချိန်ခန့်က မအူပင်ခရိုင်မှတစ်ဆင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သီရိအဏ္ဏဝါခန်းမတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျပ်းပမည့် ဒုတိယအပိုင်း (၂)၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါဝင်ပြီး အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို အချိန်မီတပ်ဆင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)