ဘားအံ သြဂုတ် ၅
ကရင်ပြည်နယ်အတွင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏ အထင်ကရ ဇွဲကပင် တောင်ပေါ်မှ ခုန်ချသည့် ဖြစ်စဉ်များအတွက် ကူညီရှာဖွေဆောင်ရွက်ပေးနိုင်ရေး စသည်များအတွက် ပူးပေါင်း ဆောင်ရွက်ပေး နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဘားအံခရိုင် မီးသတ်ဦးစီးဌာနမှ ဘားအံနှင့်လှိုင်းဘွဲမြို့နယ်မှ လူမှုကယ်ဆယ် ရေးအဖွဲ့ဝင်များအား ဘားအံခရိုင် မီးသတ်ဉီးစီးဌာနရုံးတွင် အခြေခံရှာဖွေကယ်ဆယ်ရေး (အသက်ကယ်နည်းစနစ်များ) သင်တန်းပေးခြင်းကို သြဂုတ်လ(၄)ရက်နေ့မှ စတင်ကာ (၁၀)ရက်တိုင် သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ် ရေး (ကရင်ပြည်နယ်ဥက္ကဋ္ဌ)က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များအနေဖြင့် သင်တန်းတက်ရောက်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အခြေခံရှာဖွေကယ်ဆယ်ရေး (အသက်ကယ်နည်းစနစ်များ)ဖြစ်သည့် ရှာဖွေကယ်ဆယ်ရေး အခြေခံ သဘောတရားများ၊ အသက်ကယ်နည်း စနစ်များကို ဘားအံနှင့် လှိုင်းဘွဲမြို့နယ်မှ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ(၃၅)ဦးအား သြဂုတ်လ (၄)ရက်နေ့မှ သြဂုတ်လ (၁၃)ရက်နေ့ထိ (၁၀)ရက်တိုင် ဘားအံခရိုင် မီးသတ်ဦးစီးဌာနမှ သင်တန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)