ရွှေသောင်ယံ ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ လိုက်လံဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို သွားရောက်ဖြန့်ဝေပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုရသည့်အခါ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်းကို သိရှိရခြင်း၊ ပြည်ထောင်စုအမွေဖြစ်သည့်အတွက် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရမည့်အကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရမှာဖြစ်ကြောင်း၊ သွေးချင်းချစ်ကြည်လက်ချင်းဆက် လွတ်လပ်ရေးသည်တို့အသက်၊ လွတ်လပ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်အားနှင့်ကာကွယ်ပါ (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ ကဗျာများ၊ ကာတွန်းများ၊ လွတ်လပ်ရေး၏အဓိပ္ပါယ် စသည်ဖြင့်လွတ်လပ် ရေးနှင့်ပတ်သက်သည့် ဗဟုသုတအကြောင်းအရာများကို ရရှိစေမည်ဖြစ်သည်။
ကိုကိုမောင်