မိုင်းဖြတ်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာစိုက်ထူ၍ လက်ကမ်းစာစောများ ဖြန့်ဝေ

မိုင်းဖြတ် ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို မကြာမီကျင်းပတော့မည်ဖြစ်ရာ ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီက ပြည်သူ့ပန်းခြံရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းနှင့် အဖွဲ့ဝင်များက ဒို့အတူတူမဲပေးကြမယ် ပိုစတာကို စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် ပြည်သူ့ပန်းခြံရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာနေကြသည့် ပြည်သူများ၊ မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များအား ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်‌‌ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)