ဒဂုံ(မြောက်) ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အသင့်ပြင်ဆင်ထားရှိမှုကို ယနေ့နံနက် (၉)နာရီက ဒဂုံမြို့သစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မြို့နယ်အတွင်း တာဝန်ကျဝန်ထမ်းများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ခြင်းလုပ်ငန်းများ၊ လက်တွေ့စမ်းသပ်နေခြင်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် မဲပေးစက်များထားရှိမှုအခြေအနေ၊ လုံခြုံရေးအခြေအနေနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိသည်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)