ပင်းတယမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပင်းတယ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) ဝန်ထမ်းများမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဥ်း၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်၊ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ သွေးစည်းချစ်ကြည် လက်ချင်းဆက်လွတ်လပ်ရေးသည် ဒို့အသက်၊ လွတ်လပ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်စသည့် ဗဟုသုတရဖွယ်အကြောင်းအရာများ၊ ကဗျာ၊ ဆောင်းပါးတို့စသည်တို့ ပါဝင်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)