မဟာအောင်မြေ ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ပေါက်ကျိုင်းဓမ္မာရုံ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးပုံမဲပေးနည်း စနစ်အား သိရှိနိုင်ရန် ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မဟာအောင်မြေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က မဲဆန္ဒရှင်ပြည်သူများအား မဲပေးပုံမဲပေးနည်းစနစ်အား သိရှိနိုင်ရန်၊ ခေတ်အဆက်ဆက်မဲပေးခဲ့ပုံများ၊ ယခု ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် စက်ခလုတ်နှိပ်ပြီး မဲပေးရသည့်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိမဲပေးမည့် ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ မိမိဆန္ဒအလျှောက် မဲပေးနိုင်ကြောင်းနှင့် မဲပေးစက်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မဲရုံအတွင်း မဲရုံအဖွဲ့ဝင်များမှ ရေးသွင်းရမည့်ပုံစံများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ရွေးကောက်ပွဲကျင်းပခြင်းသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မိမိမဲပေးရမည့်မဲရုံသို့ လွတ်လပ်စွာ မဲပေးပိုင်းခွင့်ရှိကြောင်း စသည်များကို ပရိုဂျက်တာနှင့် ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများအား မဲပေးပုံမဲပေးနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ရွှေတိုး