ကြံခင်း ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ Women Club အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ ညီညီဈာန်ရေးသားသော ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ ညီညီဈာန်ရေးသားသော “ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း” စာအုပ်အား ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ Women Club အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဌေးဌေးက “ပျော်ရွှင်မှုကိုမေ့တတ်ခြင်း”၊ ဒေါ်စန်းစန်းအေးက “ပျော်ရွှင်ဖွယ်မိသားစု”၊ ဒေါ်ခင်စန်းနွဲ့က “မိမိကိုယ်ကိုတန်ဖိုးထားပါ” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့ဆက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)