တံတားမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပိုလီယို ကာကွယ်ဆေးနှင့်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

တံတား ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပိုလီယိုကာကွယ် ဆေးနှင့်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယ‌နေ့နံနက် (၈) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လာရောက်ထိုးနှံသည့် မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား  ကျန်းမာရေးဝန်ထမ်းများမှ အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ် ဆေးနှင့် ပိုလီယိုကာကွယ်ဆေးထိုးဆေး (ဒုတိယအကြိမ်)ကိုလည်း ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါဆေးထိုးနှံပေးခြင်းများကို မြို့အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများကအဖွဲ့များခွဲ၍ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)