(၇၈)နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဥာဏ်စမ်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား‌ ရွှေပြည်သာမြို့နယ်၌ ကျင်းပ

ရွှေပြည်သာ ဇန်နဝါရီ

ကျောင်သား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်‌စေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ၊ ဥာဏ်စမ်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားပြီး အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးတို့က ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး စာအုပ်/စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရူကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)