တန့်ယန်းမြို့နယ်တွင် နန်းစမ်းပူးဥယျာဉ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)မှ ဦးဆောင်ကြီးမှူး၍ ဆောင်ရွက်ပြီးစီးခဲ့သော နန်းစမ်းပူး ဥယျာဉ် ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ ဥယျာဉ်မုဒ်ဦး၌ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

“နန်းစမ်းပူး” ဥယျာဉ် ဖွင့်ပွဲတွင် ဓမ္မဂုဏ်ရည်ကျောင်းတိုက် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောလိယ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်မျိုးထွန်းနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းပုံရိုက်ကူးကာ ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။  

မင်းလွင်ဦး(တန့်ယန်း)