(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

လှိုင်သာယာ(အနောက်) ဇန်နဝါရီ ၂

၂၀၂၆-ခု ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် (၉) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ အင်းစိန်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေယမင်းဦး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr  စန်းမာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြိုင်ပွဲဝင်ကလေးမိခင်များနှင့်သားကောင်းမိခင်များ တက်ရောက်ကြသည်။ ဦးစွာ အင်းစိန်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေယမင်းဦးက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် Dr စန်းမာက ပြိုင်ပွဲ အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မွေးစမှ (၆)လအထိ၊ (၆)လမှ (၁)နှစ်ထိ၊ (၁)နှစ်မှ(၁)နှစ်(၆)လထိ၊ (၁)နှစ်(၆)လမှ (၂)နှစ်ထိ ကလေးများအား ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများ ချီးမြှင့်ပေးပြီး အမွှာပူး မွေးကလေးမိခင်များကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျော်သန်း (ပြန်/ဆက်)