ဓနုဖြူ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇန်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက လှေဆိပ်ကျေးရွာရှိ စူပါအောင် ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
အဆိုပါ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား လူငယ်လူရွယ်များ အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပြီး အုပ်စု (က) တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အုပ်စု(ခ)တွင် မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ (ညွှန်ပေါင်းအသင်း)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းတို့ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)