ကျောက်မဲ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ထိခိုက်လွယ်အုပ်စုဝင်များ ဖြစ်ကြသောကိုယ်ဝန်ဆောင်မိခင်၊ အသက်(၂)နှစ်အောက်ကလေး၊ အသက်(၇၅)နှစ်အထက် သက်ကြီး ရွယ်အိုနှင့် မသန်စွမ်းများအား ထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက ကျောက်မဲမြို့ကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ချိန်အတွင်း ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သောသူများ စိတ်ခွန်အားများ ရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်မှ ထောက်ပံငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန်းစန်းရီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးစိုးညွှန့်ရွှေနှင့်အဖွဲ့ဝင်များက ကာယကံရှင်များအား ထောက်ပံ့ငွေများအသီးသီး ပေးအပ်ခဲ့ကြသည်။
ကျောက်မဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၆) ဦး၊ အသက်(၂)နှစ်အောက်ကလေး (၅၄) ဦး၊ အသက်(၇၅)နှစ်အထက်သက်ကြီးရွယ်အို (၁၅၀) ဦးနှင့် မသန်စွမ်း (၄၇) ဦး စုစုပေါင်း ထိခိုက်လွယ်အုပ်စုဝင် (၂၆၇) ဦးရှိပြီး တစ်ဦးလျင် ငွေကျပ်သုံးသောင်း (၃၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းငွေ ရှစ်ဆယ်သိန်းတစ်သောင်းကျပ် (၈၀၁၀၀၀၀/-) ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်