မောက်မယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ အပြီးသတ် Installation ပြုလုပ်

မောက်မယ် ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် အပိုင်း (၂) ဇန်နဝါရီလ (၁၁) ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့မှ အပြီးသတ် Installation ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ပြီး မြို့နယ်နမ့်ယွမ်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် ဒုတိယအပိုင်း (၂) ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပါဝင်ပြီး မဲရုံ (၃၃) ရုံအတွက် အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လွိုင်လင်နည်းပညာတက္ကသိုလ် အထောက်အကူပြုအဖွဲ့မှ အပြီးသတ် Installation ပြုလုပ်ပြီး စက်ကိုင်မည့်ဝန်ထမ်းများအား စက်ကိုင်သွယ်ပုံကိုင်သွယ်နည်းလမ်းများ ပြသပေးခဲ့ကြောင်း သိရသည်။                         

စိုင်းမျိုးသန့်(မောက်မယ်)