ကျိုက်လတ် ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင်ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များ INSTALLATION တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်းသင်တန်း တက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျဆောင်ရွက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များက အနီးကပ် ကြပ်မတ်ဆောင်ရွက်သည်။
ကျိုက်လတ်မြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၃)အုပ်စု၌ မဲရုံပေါင်း(၂၀၇)ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ၉၅၅ လုံးတို့အား INSTALLATION နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းကို ဇန်နဝါရီလ ၂ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်